မုဒုံ မေ ၁၉
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများစိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးအတွက် နှစ်စဥ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအား မေ ၁၈ ရက်နေ့က စတင်ထုတ်ချေးပေးခဲ့သည်။
ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်အတွင်းရှိတောင်သူသုံးဦးအား လယ်ဧက(၂၅)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ၃,၇၅၀,၀၀၀/-ကျပ်ကို မုဒုံမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံက စည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့သည်။ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူတစ်ဦးလျှင် အများဆုံးလယ်ဧက ၁၀ ဧက အတိုးနှုန်းအနေဖြင့် ၅ ရာခိုင်နှုန်းထုတ်ချေးပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် ထုတ်ချေးရန်လျာထားလယ်ဧက ၂၄,၉၁၀ ဧကကို လျာထားငွေကျပ် ၃၇,၃၆၅ ကျပ်သိန်းအား ထုတ်ချေးပေးရန် စီစဥ်ထားကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)