မိုင်းဆတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက သဗ္ဗညုဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး သဗ္ဗညုကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဣန္ဒကမှ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်သင်ကြားခဲ့သည့် သင်တန်းသား၊ သင်တန်းသူများကို ဩဝါဒစကားများ မိန့်ကြားတော်မှုခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ဇနီး ဒေါ်ဇင်ဇင်သော်တို့က နာယကဆရာတော်နှင့် သင်တန်းနည်းပြဆရာတော်များကို လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း အလတ်တန်းအဆင့်တွင် ပထမဆုရရှိသူအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေချီးမြှင့်ပေးအပ်ရာ ဆုရရှိသည့် မယွန်းမိုးမိုးအောင်ကလည်းကောင်း၊ ဒုတိယရရှိသူအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဇနီး ဒေါ်ဇင်ဇင်သော်က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေချီးမြှင့်ပေးအပ်ရာ ဆုရရှိသည့် မဝင်းသီရိကလည်းကောင်း၊ တတိယဆုရရှိသူအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်းက ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေချီးမြှင့်ပေးအပ်ရာ ဆုရရှိသည့် မောင်ဟုန်းပြည့်သူရိန်လင်းကလည်းကောင်း၊ အငယ်တန်းအဆင့် ပထမဆုရရှိသူအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးမျိုးသက်က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေချီးမြှင့်ပေးအပ်ရာ ဆုရရှိသည့် မောင်ဖြိုးဟန်ကျော်ကလည်းကောင်း၊ ဒုတိယဆုရရှိသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေချီးမြှင့်ပေးအပ်ရာ ဆုရရှိသည့် မရွှေစင်သွန်းကလည်းကောင်း၊ တတိယဆုရရှိသူအား မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေချီးမြှင့်ပေးအပ်ရာ ဆုရရှိသည့် မနန်းမိုခမ်းကလည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြသည်။
အဆိုပါ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားသို့ ကြွရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ခရိုင်သာသနာရေးမှူး ဦးမျိုးမင်းလတ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူတို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)