မိုးညှင်း မေ ၁၉
တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ တိုးတက်ရေးတို့ကို ရည်ရွယ်၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၃ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကို မေလ(၁၈)ရက်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထုတ်ချေးပေးရာတွင် လယ်ယာလုပ်ငန်းခွင်သို့ ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့် တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် တောင်သူလယ်သမားများအတွက် ယခင်နှစ်အတိုင်း အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်စေ့ ကြွေးကျန် ပြေကျေသူများအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ မန်နေဂျာတာဝန်ခံ ဒေါ်ယဉ်ယဉ်စိုးထံမှ သိရသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၄၃)အုပ်စုမှ တောင်သူ (၆၂၀၀)ဦးအား တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် မိုးစပါးစိုက်ပျိုးဧက (၄၆၀၀၀)ဧကအတွက် ချေးငွေ စုစုပေါင်း ငွေကျပ် သိန်းခြောက်သောင်းကိုးထောင် ထုတ်ချေးပေးရန် လျာထားကြောင်း၊ မေလ (၁၈)ရက်တွင် အမှတ်(၂) ရပ်ကွက်ရှိ တောင်သူ(၅၄)ဦး၊ မိုးစပါးစိုက်ဧက (၄၂၉)ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၆၄,၃၅၀,၀၀၀)အား စတင်ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ သိရသည်။
ရွှေမိုးညှင်း