သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး(Talk Show)သန်လျင်၌ ကျင်းပ

သန်လျင် မေ ၁၉  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ''ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့'' အသိပညာပေး(Talk Show)ကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနုနှင့် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုတို့က ''ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့'' ခေါင်းစဉ်ပါ စွန့်ပစ်ပလပ်စတစ်ညစ်ညမ်းမှုကြောင့် ဆိုးကျိုးသက်ရောက်မှုများ၊ ရေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ အစားအသောက်များအဆိပ်အတောက်ဖြစ်စေခြင်းစသည့် ပလပ်စတစ်၏ဆိုးကျိုးများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန်သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးကြသည်။

ထို့နောက် ပြခန်းအတွင်းခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များအား ပြည်သူများသို့ အသိပညာပေးပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)