တိုက်ကြီး မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီက ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာအုပ်စု Y.G.W ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းခန်းမ၌ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်အောင်မင်းဉီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးမြဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များဉီးဆောင်သော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းသည် ကျေးရွာနေပြည်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဉပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပညာရေးကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ကျေးရွာနေပြည်သူများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးသည်။
ထို့နောက် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ Y.G.W ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော်ထံသို့ အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ သနပ်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၂ ရွာရှိ ကျေးရွာနေပြည်သူ ၄၀၀ ဉီး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)