မာန်အောင် မေ ၁၉
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးသို့သွားရောက်၍စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊စာပေဖတ်ရှုခြင်းဖြင့် အသိ ဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည် ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊ စသည့်စာအုပ်၊စာစောင်(၉၀)ကျော်ဖြင့်ကွင်းဆင်းပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ရုံးဝန်ထမ်းများအား(အခမဲ့)ငှားရမ်းပေးခဲ့သည်။
မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာအုပ်စာစောင် အခမဲ့ငှားရမ်းပေးခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)