အမ်းမြို့ပညာအလင်းတံခါးစာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

အမ်း မေ ၁၉

ရခိုင်ပြည်နယ်အတွင်းရှိကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ် မြတ်နိုး လာစေရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင် သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အသင်းဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာရှိ  ပညာအလင်းတံခါးစာကြည့်တိုက်သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစန်းဝင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာကြည့်တိုက်ကော်မတီဝင်များ၊ စာပေဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံကာ စာကြည့်တိုက်များ သက်ဝင်ရှင်သန်ရေး၊ စာအုပ် စာစောင်တိုးပွားရေး၊ စာဖတ်သူ တိုးပွားရေးနှင့်ကျေးရွာတိုင်း စာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး၊ စာကြည့်တိုက်လုပ်ငန်းများစနစ် တကျရှိစေရေးနှင့် ကျောင်းသားကျောင်းသူလူငယ်များ  ကျောင်းပြင်ပချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုစေရေးနှင့် စာဖတ်ဝိုင်းများ ဆွေးနွေးပွဲများကျင်းပရန်လိုအပ်ပါကြောင်းပြောကြားကာ စာဖတ်ရှိန်မြှင့်တင် ရေးစာဖတ်ဝိုင်းနှင့် လူငယ်အသိပညာပေးအကြောင်းအရာများအား ဆွေးနွေး ဟောပြောခဲ့ သည်။ ဆက်လက်၍  မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဇူလှိုင်ထွေးက အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည့် ဥပဒေများဆောင်ရန်ရှောင်ရန်အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများကမေး မြန်းမှုများအားရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအလွဲသုးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနံရံကပ်စာစောင်နှင့် ကလေး သူငယ်အလုပ်သမားပပျောက်ရေးအသိပညာပေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများကို စာပေဝါသနာရှင် လူငယ်များက စိတ်ဝင်တစား လေ့လာကြည့်ရှုကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဇူလှိုင်ထွေးတို့က ရှင်းလင်းပြော ကြားပေးခဲ့သည်။

ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းသို့ သွားရောက်ပြီး အဆင့်မြင့်အပ်ချုပ် သင်တန်းတက်ရောက်နေသော သင်တန်းသူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြား ပြီးလူငယ်အသိပညာပေးအ​ကြောင်းအရာများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 စိုးမင်းထွန်း