ဒလ မေ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်များ အခမဲ့ ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ ရုံးနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော ဌာနဆိုင်ရာ စာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကိုလွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများ စာပေဖတ်ရှုမှုအလေ့အကျင့်မှသည် စာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ ပိုမိုသိရှိလာစေရန် စာဖတ်ဝါသနာရှင်များ အဆင်ပြေစွာဖတ်ရှုနိုင်ရေး အတွက် သုတ၊ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့်ဝတ္ထု အစရှိသော စာအုပ်၊ စာစောင် (၇၀)အုပ်ကို အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို ၀န်ဆောင်မှုပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)