ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ကျောင်းဖွင့်ချိန် သွေးလွန်တုပ်ကွေး​ရောဂါကာကွယ်​ရေး ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ကြည့်မြင်တိုင်   မေ    ၁၉

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ယနေ့နံနက် ၉ နာရီက ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောမြောက်ရပ်ကွက်၊ သရက်တော(၂)လမ်းရှိ အမှတ်(၂) အ​ခြေခံပညာမူလတန်း​ကျောင်း၌ သွေးလွန်တုပ်​ကွေး​ရောဂါကာကွယ်​ရေး ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ​ရေးရုံးမှ ဝန်ထမ်းများက အမြင်မတင့်တယ်သော သစ်ရွက်ခြောက်အမှိုက်များ ရှင်းလင်းခြင်း၊ မြက်ပင်/ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊  ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းဖွင့်ချိန် သွေးလွန်တုပ်​ကွေး​ရောဂါကာကွယ်​ရေး ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အပတ်စဉ်တိုင်း  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)