မိုင်းဆတ်မြို့(Community Centre)ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့(Community Centre)ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်လာစေရန်၊ ဉာဏစွမ်းရည်နှင့် သင်္ချာစွမ်းရည်တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင်ဗဟုသုတရရှိစေမည့် ပြင်ပစာပေများလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဆုရရှိသည့်ကလေးများကို အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များကို မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက် Face Book Page မှ တဆင့်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)