ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲ  ပြုလုပ်

ကျိုက်ထို      မေ      ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က  အမျိုးသမီးများအကြမ်းဖက်မှု အန္တရာယ်မှကာကွယ်နိုင်ရန်နည်းလမ်းများကို ပြည်သူများသိရှိ‌စေရန်ရည်ရွယ်၍ Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာလွင်က အမျိုးသမီးများအား အကြမ်းဖက်ခြင်းအကြောင်း၊ အမျိုးသမီးများ၏အခွင့်အရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်မှုများမှရရှိလာသောအကျိူးဆက်များ၊ အမျိုးသမီးများအပေါ်ခွဲခြားနှိမ်ချဆက်ဆံခြင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိ ပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်