ပုဗ္ဗသီရိ မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီကျောင်းပိတ်ရက် အားကစားသင်တန်းများကို YGW ပရဟိတဂေဟာတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။
အဆိုပါ သင်တန်းကို ပုဗ္ဗသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးနှင့် သင်တန်းနည်းပြ ၁၂ ဦးတို့က YGW ပရဟိတဂေဟာတွင် မြန်မာ့သိုင်း၊ ဘောလီဘောနှင့် Fitness Dance သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြန်မာ့သိုင်းတွင် သင်တန်းသား ၇၀ ဦး၊ ဘောလီဘောတွင် သင်တန်းသား ၅၀ ဦးနှင့် Fitness Dance တွင် သင်တန်းသား ၅၀ ဦးတက်ရောက်လျက်ရှိသည်။ သင်တန်းကာလမှာ မေ ၁ ရက်မှ မေလ ၂၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)