သပိတ်ကျင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းမှ ကြီးမှူးဖွင့်လှစ်သော "ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်း" သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က ကဘဲ့ရပ်ကွက် သရက်တောကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပပြုလုပ်သည်၊
ရှေးဦးစွာ အခမ်းအနားကို နမောတဿ( ၃)ကြိမ်ရွတ်ဆိုကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဒဘာသာကလျာနယုဝအသင်း ခရိုင်/မြို့နယ်သြဝါဒစရိယ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ သရက်တော ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဗုဒ္ဓ ဘာသာယဥ်ကျေးမှုသင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဗုဒ္ဓ ဘာသာကလျာန ယုဝအသင်းဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်ခရိုင်အသင်းဝင်များ၊ မြို့နယ်အသင်းဥက္ကဋ္ဌ ဦးတိုးတိုးနှင့် အသင်းဝင်များ၊ တာဝန်ရှိသူများမှ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းကာလအတွင်း အစားအသောက်နှင့်အချိုရည်များ၊ သင်တန်းသားသင်တန်းသူများ အတွက် လိုအပ်သည့်စာရေးကိရိယာနှင့် ဝတ်စုံများလှူဒါန်းမှုအပေါ် အသင်းတာဝန်ရှိသူမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် သင်တန်းဖွင့်လှစ် ပေးမှုအပေါ် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်မှ သြဝါဒမွတ်ကြားတရားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို"ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု"( ၃)ကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့သည်။
အဆိုပါ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းအား(၂၇.၄.၂၀၂၃)မှ(၁၈.၅.၂၀၂၃)နေ့အထိ မြို့နယ်သံဃနာယက္ကဋ္ဌဆရာတော်မှ ကြီးမှူး၍ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၀၈) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)