မြင်းခြံ မေ ၁၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် (၁:၃၀) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
မေလ (၁၅) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်မှုကြောင့် မြင်းခြံမြို့ အမှတ် (၁၆) ရပ်ကွက်ရှိ နေအိမ်တစ်လုံးနှင့် အမှတ် (၁၉) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတို့သည် ပြိုကျပျက်စီးခဲ့သည်။ အဆိုပါ ပျက်စီးခဲ့သည့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆၈၀၀) ကျပ် စုစုပေါင်း (၂၁၆၈၀၀) ကျပ်နှင့် ငွေကျပ် (၁၃၁၁၆၀) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးတို့မှ ဘေးသင့်ပြည်သူများအား လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
မြင်းခြံမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ (၁၅) ရက်နေ့ နံနက် (၉:၃၀) နာရီ အချိန် တိုင်းထွာချက်အရ မိုးရေချိန်လက်မ (၄.၁၃) ရှိကြောင်း သိရသည်။
ကျော်စွာ