ကမာရွတ် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမ၌မေလ ၁၈ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အတွက် ပြတိုက်များသည် လူအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ပြည်သူလူထုပိုမိုသတိပြုလာစေရန်ရည်ရွယ်၍ သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က အဆိုပါ Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဒေါ်တင်သီတာထွန်းက ပြတိုက်ဆိုသည်မှာ မြတ်နိုးတန်ဖိုးထားသင့်သော ပစ္စည်းများကို စုဆောင်းပြသထားသောနေရာနှင့် လူထုပညာပေးဌာနတစ်ခုဖြစ်ပြီး ပြတိုက်များဖြစ်ပေါ်လာရသည့်အကြောင်းအရင်း ၆ ချက်၊ ကမ္ဘာ့ဒေသနိုင်ငံအသီးသီးတွင် ပြတိုက်များထွန်းကားပေါ်ပေါက်လာကြပုံ၊ ကမ္ဘာပထမဆုံးပြတိုက်ဖွင့်လှစ်ခဲ့ပုံ၊ ကမ္ဘာပေါ်၌ထင်ရှားသောပြတိုက်ကြီးများ၊ မြန်မာနိုင်ငံရှိပြတိုက်များအကြောင်းနှင့်ပြတိုက်များ၏ လူထုအကျိုးပြုမှုများစသည့်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
စိမ်းလဲ့(ပြန်/ ဆက်)