ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်နှင့်ပရဟိတ အကြောင်းသိကောင်းစရာ(Talk Show) ပြုလုပ်

ဒဂုံတောင် မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီက လူငယ်နှင့်ပရဟိတ အကြောင်းသိကောင်းစရာ(Talk Show)ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သန်းသန်းအေးက ယနေ့ခေတ်လူငယ်များပရဟိတအပေါ် စိတ်ပါဝင်စားမှု တိုးပွားလာခြင်းများ၊ ပရဟိတစိတ်ဓာတ် ရှင်သန်လာခြင်းများ၊ တစ်ဦးပေါ်တစ်ဦး ကူညီရိုင်းပင်းလာတက်ခြင်းများ၊ ယနေ့ခေတ် လူငယ်များ၏ ပရဟိတအပေါ် ခံယူချက်ထားရှိမှုများ အစရှိသည်များကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါကျင်းပပြုလုပ်သော လူငယ်နှင့်ပရဟိတအကြောင်း သိကောင်းစရာ(Talk Show)များ အပြင်အခြားသော အသိပညာ၊ ဗဟုသုတ ရရှိစေမည့် အကြောင်းအရာများကိုလည်း ဆက်လက် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)