တနိုင်းမြို့နယ်၌ ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး  လက်ကမ်းစာစောင်ဖြန့်ဝေ

တနိုင်း မေ ၁၉

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကမ္ဘာ့ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ ၁ နာရီက တနိုင်းမြို့နယ် စည်ပင်သာယာဈေးအတွင်း ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ကမ္ဘာကြီးပူနွေးလာမူနှင့် ရာသီဥတုပြောင်းလဲမူ၏ အကျိုးဆက်များ၊ မြန်မာနိုင်ငံအတွင်းရာသီဥတုပြောင်းလဲမူ၊ ရာသီဥတုပြောင်းလဲမူကို လျှော့ချရန်နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပေါ်သော ရေကြီးရေလျှံမူဖြစ်စဉ်များ၊ တစ်ခါသုံးပလတ်စတစ်များကို လျှော့ချနိုင်မည့်နည်းလမ်းများ၊ သစ်ပင်များကို ကာကွယ် စောင့်‌ရှောက်ပေးခြင်း စသည့်အကြောင်းအရာများ ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးနှင့် ၀န်ထမ်းများက ကမ္ဘာ့ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

ပိုင်ထွန်း(တနိုင်း)