ဗဟန်း မေ ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယမန်နေ့၊ ညနေ ၅ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်သော်တာဝင်းပြည့်နှင့် စာရေးဆရာ အောင်ကောင်းဗိုလ်တို့က ကမ္ဘာ့ပေါ်၌ထင်ရှားသောပြတိုက်ကြီးများအကြောင်း၊ မြန်မာနိုင်ငံရှိပြတိုက်များအကြောင်းနှင့် ပြတိုက်များ၏လူထုအကျိုးပြုမှုများ စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)ရုံးအနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ ဆက်)