မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကျင်းပ

မရမ်းကုန်း  ​မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ၌ ယ​မန်နေ့နံနက်၁၀နာရီက စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာ​ပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာ​စေရန် ရည်ရွယ်၍ စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။​

ရှေးဦးစွာ စာအုပ်စာ​​စောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာ​ရေးဆရာ​မြေလတ်ထင်​ကျော်မိုးက အဖွင့်အမှာစကား​ပြောကြားပြီး စာ​ရေးဆရာ​ကျော်ထင်ရာဇာ(အင်းရွာ)က ၎င်းကိုယ်တိုင်​ရေးသားထား​သော သင်္ကြန်နှင့်သိကြားမင်း​ဆောင်းပါးကိုဖတ်ရှုခဲ့သည်။

အဆိုပါ​ဆောင်းပါးသည် ကိုးကားကျမ်းများအရသင်္ကြန်သည် မြန်မာနိုင်ငံမှစတင်ခဲ့ခြင်းဖြစ်​ကြောင်း၊ သိကြားမင်းနှင့်သင်္ကြန်မင်းကိုခွဲခြားသိ​စေခြင်းနှင့် သင်္ကြန်ကာလအတွင်းပြုလုပ်သင့်သည့် ​ကောင်းမှု ကုသိုလ်များအ​​ကြောင်း အစရှိသည်တို့ကို ​ရေးသားထားရာ တက်​ရောက်လာသူများမှ ​​ရေးသားထား သည့်​ဆောင်းပါးအား ပြန်လည်​ဆွေး​နွေးခြင်း၊ အကြံပြုသုံးသပ်​​ဆွေး​နွေးခြင်းများ ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ ဆက်)