မော်လမြိုင် မေ ၁၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre) ခန်းမ၌ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငယ်ဝါဝါသင်းနှင့် အငယ်တန်းစာရေး ဒေါ်ရွှေဇင်ထက်တို့က လူသားများအနေဖြင့် မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို သင့်တင့်သော အသုံးပြုမှုနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန်တာဝန် ရှိပါကြောင်း၊ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို အတတ်နိုင်ဆုံး လျှော့နည်းရန်အတွက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း လုပ်ငန်းအဖွဲ့အသီးသီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ထည့်သွင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမှ ပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)