သထုံခရိုင်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အဆောက်အဦသစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

သထုံ မေ ၁၉

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အလှူရှင်များဆောက်လုပ်လှူဒါန်းသည့် အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အဆောက်အဦသစ်အား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါအဆောက်အဦသစ်အနီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အလှူရှင်တစ်ဦးဖြစ်သူ ဒေါက်တာခင်မိုးမိုးက အဆောက်အဦသစ် ဆောက်လုပ်လှူဒါန်းပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလှူရှင်ဉာဏ်ဝေယံမိသားစုတို့က ငွေကျပ်သိန်းပေါင်း ၁၅၆၉ သိန်းကျော် တန်ဖိုးရှိ အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အလျားပေ ၃၀၊ အနံပေ ၅၀ RC နှစ်ထပ်ပင်မအဆောက်အဦအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်အသီးသီးတို့က အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အဆောက်အဦအဝင်လမ်းအပါအဝင် အထွေထွေလိုအပ်သည်တို့ကိုလွှဲပြောင်းလှူဒါန်းရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူတို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် သထုံခရိုင် ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်တို့က မွန်ပြည်နယ်နှင့် သထုံခရိုင်အတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုများ၊ လိုအပ်ချက်များနှင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကားများပြောကြားပြီး တက်ရောက်လာသူတို့က အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့နှင့်အဖွဲ့ဝင်များ၊ ဉာဏ်ဝေယံမိသားစုတို့နှင့် အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်