ကလောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်းသင်တန်း (၁/၂၀၂၃) ဆင်းပွဲပြုလုပ်

ကလော မေ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ကြက်ခြေနီအသင်းမှဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုခြင်းသင်တန်း (၁/၂၀၂၃) ဆင်းပွဲကို ယမန်နေ့ညနေပိုင်းက အင်းပြင်ကျေးရွာရှိ ထင်းရှူးရနံ့ ဘိုးဘွားရိပ်သာခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တောင်ကြီးကြက်ခြေနီအသင်းမှ နည်းပြနှင့်ဝန်ရှိသူများက ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့မှ မေလ ၁၇ ရက်ထိ သင်တန်းသား၊ သင်တန်းသူ ၃၈ အား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း ကလောမြို့နယ် ကြက်ခြေနီအသင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)