မိုင်းဆတ်မြို့၌ လေဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအား ထောက်ပံ့ငွေပေးအပ်

မိုင်းဆတ် မေ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မေလ(၈)ရက်နေ့ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအား ယမန်နေ့ ညနေ(၃)နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူတို့က  ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဝိန်းနေရပ်ကွက်၊ ဝိန်းဝိုင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဟိုနားကျေးရွာအုပ်စုမှ အမိုးလန်နေအိမ်(၆၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်လျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း အတွက် သာဿနိကအဆောက်အအုံပစ္စည်းဖိုး တစ်ကျောင်းလျှင် (၅၀၀၀၀)နှုန်းဖြင့်လည်းကောင်း စုစုပေါင်း​ထောက်ပံ့​ငွေ (၃၄၈၅၀၀ဝိ/-)ကို ခရိုင်ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာရွှေနှင့် တာဝန်ရှိသူတို့က ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းဆရာတော်များ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သူမြင့်မောင်(ပြန်/ဆက်)