ကျိုင်းတုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ကျိုင်းတုံ မေ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံစိုက်ပျိုးရေး တောင်သူများအား စတင်ထုတ်ချေး ပေးလျက်ရှိကြောင်း သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် စပါးစိုက်ပျိုးဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံစိုက်ပျိုး ဧကတစ်ဧကလျှင် တစ်သိန်းနှုန်းကို တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် ကျိုင်းတုံမြို့နယ် ပင်းတောက်နှင့် မိုင်းခွန်ကျေးရွာအုပ်စုများရှိ တောင်သူ ၁၂ ဦး၏ စိုက်ပျိုးဧက ၄၀ ဧက အတွက် စုစုပေါင်းငွေကျပ် သိန်း ၆၀ ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံဘဏ်ခွဲရုံးမှ စတင်ထုတ်ချေးပေးလျက်ရှိပြီး မြို့နယ်အတွင်း ကျန်ရှိသည့် တောင်သူများအား စက်တင်ဘာလ ကုန်အထိ စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ၂၀၂၃ ခုနှစ်အတွက်  လာမည့်မိုးစပါး စိုက်ပျိုးချိန်နှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရက အတိုးနှုန်းသက်သာစွာဖြင့် ငွေကျပ် သိန်းတစ်ထောင်ကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံဘဏ်ခွဲရုံး မန်နေဂျာ ဦးကျော်လွင်အောင်ထံမှ သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)