ဘူးသီးတောင်မြို့၌မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဘူးသီးတောင် မေ ၁၈

ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ်များအမိုးလန်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ  လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို  မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း၏ ဦးဆောင်မှုဖြင့် ကော်မတီဝင်များနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများက ယနေ့နံနက်ပိုင်းက ဦးဥတ္တမခန်းမ၌ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် (၅) ရွာရှိရှိ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်၊ ဆီ၊ ဆား ၊ခေါက်ဆွဲခြောက်များ မီးရထားဆိပ်ရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ တောင်ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ကျောက်ဖြူတောက်ကျေးရွာ၊ တပ်မင်းချောင်းကျောင်းရွာ၊ ဘဒနာကျေးရွာ၊ လောင်းချောင်း ကျေးရွာ၊ငကျည်တောက်ကျေးရွာများရှိ အိမ်ထောင်စု စုစုပေါင်း (၄၈၇)စုအတွက်ဆန် (၃၁)အိတ် (၆) ပြည် (၆) ဘူး၊ ဆီ(၃၇)ပိသာာ(၅၀)ကျပ်သား၊ ဆား(၇)ပိသာ၊(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်(၂၀)ဖာ တို့အား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် လေဘေးသင့်ပြည်သူများအားလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်