တန့်ယန်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ သစ်ပင်ပျိုးပင် နှစ်သောင်း စိုက်ပျိုးဖြန့်ဝေသွားမည်

တန့်ယန်း မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ၌ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေး အတွက် အရိပ်ရပင်နှင့် နှစ်ရှည်သစ်ပင် စုစုပေါင်း နှစ်သောင်းစိုက်ပျိုးဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဉယျာဉ် အမှတ်(၁)၊ အမှတ်(၂)တို့တွင် ယခုနှစ် မိုးရာသီ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား စိုက်ပျိုးဖြန့်‌ဝေနိုင်ရန်အတွက် မယ်ဇလီ ၇၅၀၀ ပင်၊ ကျွန်း ၂၀၀၀ ပင်၊ ခါတော်မီ ၁၀၀၀ ပင်၊ ယမနေ ၂၀၀၀ ပင်၊ ချယ်ရီ ၂၅၀၀ ပင်၊ ရေသင်းဝင် ၂၀၀၀ ပင်၊ ထင်းရှူး ၁၅၀၀ ပင်၊ ပန်းဝါ ၁၅၀၀ ပင် စုစုပေါင်း နှစ်သောင်းအား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)