မိုင်းရယ်မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာကောင်းစေရန်အတွက် အမှိုက်များဆယ်ယူရှင်းလင်းခြင်းဆောင်ရွက်

မိုင်းရယ် မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနမှဦးစီး၍ မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီကာလ ရေလျှံခြင်းများ မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်အတွင်း ဖြတ်သန်း ဖောက်လုပ်ထားသည့် ရေမြောင်းများ ရေစီးရေလာကောင်းစေရန် အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဟိန်းမြတ်ဇော်၏ ဦးစီးမှုဖြင့် စည်ပင်သယာရေးဝန်ထမ်းများ၊ အလုပ်သမားများက ရေမြောင်းဘေးနှစ်ဖက်ရှိ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း တားဆီးပိတ်ဆို့နေသည့် မြေသားများနှင့် အမှိုက်များကို စက်ယန္တရားဖြင့် ဆယ်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ဆောင်ရွက် နေမှုကို အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးမင်းအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)