မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်၊ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မိုင်းရယ် မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန်ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့်နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့အဝင်ဂိတ်၊ မြို့မဈေးကြီးနှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိသွားလာနေကြသည့် ပြည်သူများ၊ ဈေးသူ/သားများအား ကိုဗစ်-၁၉ ရောရာဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (၂၀၀၀)ကို စနစ်တကျ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မိုင်းရယ်ပြန်/ဆက်