မိုင်းကိုင်မြို့နယ်၌ ဌာနဆိုင်ရာများ၏ လုပ်ငန်းကဏ္ဍအလိုက် စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ

မိုင်းကိုင် မေ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကို်ငမြို့နယ်၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဌာနဆိုင်ရာများ၏ လုပ်ငန်းကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို  ယနေ့မနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးက  အဖွင့်အမှာစကားပြောကြားပြီးနောက်  ကဏ္ဍအလိုက်ဆောင်ရွက်မည့် လုပ်ငန်းများ၏ စီမံကိန်းရည်မှန်းချက် တာဝန်များကို သက်ဆိုင်ရာဌာနဆိုင်ရာရုံး (၁၄)ရုံးသို့ စီမံကိန်းတာဝန်များ ပေးအပ်ရာ  ဌာနဆိုင်ရာ အကြီးအကဲများက  လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန  ဦးစီးအရာရှိ   ဦးအောင်အောင်က ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ခြင်း နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)