တိုက်ကြီး​​​မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တိုက်ကြီး      မေ    ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားတွင် တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး တိုက်ကြီးမြို့နယ်စီမံကိန်းရေးဆွဲရေးဉီးစီးဌာနမှ စီမံကိန်းဦးစီးမှူး ဒေါ်ဝင်းဝင်းမော်က ဒေသန္တရစီမံကိန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရေးနှင့် ဆောင်းသီးနှံ(နေကြာ)စိုက်ပျိုးရေးစီမံကိန်းတာဝန်များပေးအပ်ခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းတာဝန်များကို အသီးသီးပေးအပ်သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ စီမံကိန်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)