သုံးခွ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် ထုံးကြီးကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုလုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက ထုံးကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး မြစိမ်းရောင်ကျေး ရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ထုံးကြီး ကျေးရွာ မြစိမ်းရောင်ရန်ပုံ ငွေကြီးကြပ်မှုလုပ်ငန်းအဖွဲ့သည် သက်တမ်းသုံးနှစ်ပြည့်ပြီးဖြစ်သဖြင့် မြစိမ်းရောင်စီမံကိန်းလက်ဆွဲ စာစောင်ပါ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ရွေးချယ်ခြင်းဖြစ်ပါကြောင်းနှင့်အဖွဲ့ဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ကျေးရွာသူ/ ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာဥက္ကဋ္ဌအဖြစ် ဒေါ်ခင်ယုမော်နှင့်အဖွဲ့၀င်ခြောက်ဦးကို ထုံးကြီးကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု လုပ်ငန်းအဖွဲ့အဖြစ် စနစ်တကျ ပြန်လည်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)