တပ်ကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မိုးခါမုန်တိုင်းအချိန်ကြောင့် ကျိုးကျသည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်း

တပ်ကုန်း မေ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့၊ ဘုရင်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မိုးခါမုန်တိုင်းအချိန်ကြောင့် ကျိုးကျသည့် သစ်ပင်၊ သစ်ကိုင်းများ၊ အမှိုက်သရိုက်များကို ယမန်နေ့ နံနက်ပိုင်းက  ဘုရင့်နောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျောင်းအကျိုးတော် ဆောင်များ စုပေါင်းရှင်းလင်းခဲ့သည်။

ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်းရှိ ချုံနွယ်၊ ပေါင်းမြက်များနဲ့ မိုးခါမုန်တိုင်း အချိန်ကြောင့် ကျိုးကျတဲ့ သစ်ပင်၊ သစ်ကိုင်းများ၊ အမှိုက်သရိုက်များကို  ကျောင်းအပ်နှံရေး မတိုင်းမီအတွင်း ပြီးစီးအောင် ရှင်းလင်းမှာဖြစ်ပါတယ်၊ အမှိုက်များကို တစ်ရက်တည်းနဲ့ ရှင်းလင်းလို့ မပြီးရင် နောက်ရက်တွေမှာလည်း ဆက်လက်ရှင်းလင်းရမှာဖြစ်ပါတယ်လို့  ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်