မိုင်းပန်မြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းစစ်ဆေး

မိုင်းပန် မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌‌ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကုန်းကျိုင်းကျေးရွာအုပ်စုအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသည့် မြေနေရာများအား  မိုင်းပန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ယနေ့နံနက် ၉  နာရီအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။  

မိုင်းပန်မြို့နယ်အတွင်း ယခင်က နယ်မြေဒေသအခက်အခဲကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်လျှောက်ထားရန် ကျန်ရှိနေသေးသည့်နေရာများမှ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားလာမှုများအပေါ်  မိုင်းပန်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ လျှောက်ထားသည့်မြေနေရာအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိပါသည်။

နော်မှိုင်း(ပြန်/ဆက်)