လောက်ကိုင် မေ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ မွန်းလွဲပိုင်းက စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲတွင် ဒေသခံတိုင်းရင်းသား ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန်နှင့် စာပေမှရရှိသော အသိအမြင်ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာအုပ်များ ခင်းကျင်းပြသပြီး၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်အကြောင်းသိကောင်းစရာများ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးများ၊ သသဘာဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ်ကာကွယ်ရေးစသည့် နံရံကပ်စာစောင်များ ပြသခဲ့ရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ညိုညိုဝင်း ( လောက်ကိုင်)