ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

ခရမ်း မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဋ္ဌာနခန်းမ၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ပြည်သူအများ ဝမ်းလျှောဝမ်းပျက်ရောဂါ မဖြစ်ပွားစေရေးအတွက် သိသင့်သိထိုက်သည့် ကျန်းမာရေးဆိုင်ရာ လိုက်နာကျင့်သုံးဆောင်ရွက်ရမည့်အချက်များ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်စေသည့် အကြောင်းအရင်းများ၊ ရောဂါလက္ခဏာများ၊ ပြင်းထန်‌သော ဝမ်းလျှောဝမ်းပျက် ရောဂါဆိုတာ ဘယ်လိုရောဂါဝေဒနာ ခံစားရကြောင်းနှင့် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းကောင်းများ၊ ဆောင်ရွက်ရမည့်နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ခရမ်း)