ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း  မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား  ပြန်လည်ထူထောင်ရေး ကိစ္စရပ်များဆောင်ရွက်

မောင်တော ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ‌မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာ၀န်ရှိသူများသည်  မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံး‌ခဲ့သော မောင်တောမြို့နယ်အတွင်းရှိ ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်ကျေးရွာ၊ မြို့ယုကျေးရွာများရှိ ပြည်သူများ အတွက် အိမ်ထောင်စုအလိုက် လတ်တလော နေထိုင်ရေးနှင့် စားသောက်နိုင်ရေးအတွက် ဆန် ၊ဆီ၊  စားနပ်ရိက္ခာများ၊ မိသားစုသုံး Family kit  ပစ္စည်း ၁၆ မျိုးပါ ၁ ဘူး နှင့် ထောက်ပံ့ငွေတို့အား ရွာသူ၊ရွာသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျေးရွာများအတွင်း သီတင်းသုံး နေထိုင်ကြသော ဆရာတော် အရှင်သူမြတ်များအား ဖူးမြှော်ပြီး  န၀ကမ္မအလှူငွေများလှူဒါန်းခဲ့သည်။ ဆက်လက်၍ နေအိမ်များ ပြိုလဲ ပျက်စီး‌ခဲ့သော အိမ်ထောင်စုများအား ယာယီတဲများ တည်ဆောက်ပေးနိုင်ရေး တာ၀န်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ပြီး ရွာသူရွာသားများအား အားပေးစကားပြောကြားခဲ့သည်။

ထို့အပြင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့သည်  မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော မောင်တော -အငူမော် လမ်းတစ် လျှောက်ရှိ ကျေးရွာများတွင် နေအိမ်များ ပြိုလဲပျက်စီးခြင်း၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီပုထိုးများ ပျက်စီးခြင်း၊  စာသင် ကျောင်းများ ပျက်စီးခြင်း၊ ကျွှဲ၊ နွား တိရစ္ဆာန်များ သေဆုံးခြင်းများ ရှိခဲ့သဖြင့် လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)