မုံးကိုး မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဗဟုသုတရနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လည်(၂) နာရီ အချိန်တွင် ပြည်သူများအတွက် သဘာဝကိုချစ်မြတ်နိုးစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနည်းလမ်းများကို ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က သဘာဝပတ်ဝန်းကျင်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးမှုများ ရှိလာစေရန်၊ ယခုဖြစ်ပေါ်နေသော သဘာဝပတ်ဝန်ကျင်ပျက်စီးမှု များသိရှိစေရန်နှင့် ရှောင်ရှာင်းသင့်သည့်အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြုလုပ်ရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကြောင့်ဖြစ်ပေါ်လာသောရောဂါများ၊ရှောင်ရှားသင့်သည့်အချက်များ စသည့်အကြောင်းအရာများအား ဒေသခံပြည်သူများကို အသိပညာပေးဟောပြောခဲ့ပါသည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေးဆောင်ရွက်မှုများကို ပြည်သူများသိရှိစေရန် နံရံကပ်စာစောင်များဖြင့် လည်းခင်းကျင်းပြသခဲ့ရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)