မိတ္ထီလာ မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးစျေးကြီးအတွင်းရှိ စျေးသည်များ စျေးဝယ်များအား ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီ အချိန်က မြို့နယ်စည်ပင်သာယာစျေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှူဆောင်အရာရှိ ဦးမျိုးထက်ဇော်က စျေးသည်များ စျေးဝယ်များအား ပလတ်စတစ်ညစ်ညမ်းမှု ဖြစ်ပေါ်စေသောအကြောင်းအရင်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုမှတစ်ဆင့် ဖြစ်ပွားစေသောရောဂါများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အသုံးပြုခြင်းနှင့် သက်ဆိုင်သော လူတိုင်းလိုက်နာဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ပလတ်စတစ်စွန့်ပစ်မှု လျှော့ချနိုင်ရေးနှင့် ညစ်ညမ်းမှုဖြေရှင်းရန် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှူဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့်ဝန်ထမ်းများ၊ မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ကြွယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စျေးဝယ်များ၊ စျေးသည်များအား ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)