ပုဏ္ဏားကျွန်း မေ ၁၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည့် ယနေ့ နံနက် (၁၀) နာရီက ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့မဘုန်းတော်ကြီးကျောင်း၌ မုန်ခါမုန်တိုင်းသင့်ပြည်သူများနှင့် လာရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားနပ်ရိက္ခာ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
တွေ့ဆုံရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မုန်ခါမုန်တိုင်းတိုက်ခတ်ပြီးသည့်နေ့မှစ၍ ရခိုင် ပြည်နယ်သို့ ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက် ရှိကြောင်း၊ မေလ ၁၅ ရက်နေ့အထိ ပြည်သူလူထုများမှ သဘာဝဘေးအန္တရာယ်အတွက် လှူဒန်းရရှိငွေကျပ်သိန်း ၁၁ ဘီလီယံရရှိခဲ့ပြီး ၎င်းအလှူငွေများမှ ငွေကျပ် ၇ ဘီလီယံကို ရခိုင်ပြည်နယ်အတွက် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အချိန်မီပြန်ဖွင့်နိုင်အောင် ဦးစားပေးအလိုက် ဆောင်ရွက်ရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မုန်တိုင်းသင့်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံပေးသည့် ငွေကျပ်သိန်း (၂၀၀)အား ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံသည့် ငွေကျပ် သိန်း (၁၀၀) အား လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ကပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဆန်၊ ဆီနှင့်မီးဖိုချောင်သုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်