တောင်သာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ပို့ချ

တောင်သာ မေ ၁၇

တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌   မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီးမှူး ဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို မေလ(၁၅)ရက်နေ့မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ထိခြင်းငါးပါး ဘုရားရှိခိုးခြင်း၊ မင်္ဂလာကဗျာရွတ်ဆိုခြင်း၊ ဘုရားအလောင်း ဝေဿန္တရာမင်း၏ အလှူဒါနပြုပုံ၊ မိဘကိုလုပ်ကျွေးသူ ဘုရားအလောင်း ကျေးမင်းပုံပြင်၊ တပည့်/သားသမီးကျင့်ဝတ် မင်္ဂလာကဗျာရွတ်ဆိုခြင်း၊ သည်းခံစိတ်မထား၍ မြေမြိုခံရသူ မင်းတစ်ပါးအကြောင်း၊ ရိုသေထိုက်သူကို ရိုသေစွာနေထိုင်ကြသော ဆင်၊ မျောက်၊ ခါ အကြောင်း၊ ဆုံးမစကား နားထောင်လွယ်သူ သားတော်ရာဟုလာအကြောင်း၊ မေတ္တာပွားနည်း (၁၁) နည်းနှင့် ကဗျာရွတ်ဆိုခြင်း စသည့် သင်ခန်းစာများအား ပို့ချတာဖြစ်ပြီး သင်တန်းပို့ချသူများမှာ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ယမင်းတင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများမှ သင်ကြားပို့ချခဲ့ကြောင်း သိရ သည်။

ယင်းသင်တန်းကို မေလ(၁၅)ရက်နေ့မှ(၁၈)ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ နံနက် (၁၁)နာရီအထိ ပို့ချမှာဖြစ်ပြီး ယင်းသင်တန်းသို့ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ကျော်မျိုးနိုင်(တောင်သာ)