ချမ်းအေးသာစံ မေ ၁၇
အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကို မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအထိ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း ၈၀ လမ်း၊ ၃၂လမ်းနှင့် ၃၃ လမ်းကြားရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ခဲ့သင်ကြားပေးလျက်ရှိရာ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီတာအောင်နှင့်အဖွဲ့ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယင်းသင်တန်းသည် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများအား ဗုဒ္ဓစာပေများနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန်၊ လူကြီး၊ မိဘ၊ ဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန်၊ ယဉ်ကျေးလိမ္မာသည့် ကလေးများပေါ်ထွန်းလာစေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာတရားများအား ပိုမိုရိုသေကိုင်းရှိုင်းတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၄ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ အပါအဝင် မူလတန်းအဆင့် ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၃၂ ဦး၊ စုစုပေါင်း ၈၄ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီတာအောင်၊ မဟာအောင်မြေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ ချမ်းအေးသာစံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နေဇာဝင်းနှင့်အဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဦးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်