ကျိုင်းတုံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး

ကျိုင်းတုံ မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် သင်တန်းတက် ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ ၁၆ ရက်တွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက  ကျိုင်းတုံသူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ၊ အဆိုပါ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း ၁၈၁ ဦးတို့အား ကိုဗစ်-၁၉ ရောဂေါထပ်ဆောင်း  ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)