မိတ္ထီလာ မေ ၁၇
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် သည် ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် ( Grade12 ) နှင့် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ်( Grade9 ) ဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားကြောင်းသိရသည်။
ရှေးဦးစွာ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးဦးမျိုးအောင်က အမှာစကားပြောကြားသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်က အခြေခံပညာအထက်တန်းအဆင့်သင်ရိုးသစ် (Grade12) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ်(Grade9) ဆင့်ပွား သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ခရိုင်ပညာရေးမှူးဒေါ်ခင်စန်းဦးက ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာဆရာမများနှင့် သင်တန်းသား သင်တန်းသူ ဆရာဆရာမများ တက်ရောက်ကြသည်။ အဆိုပါ အခြေခံပညာအထက် တန်းအဆင့် သင်ရိုးသစ် (Grade12) သင်တန်းတွင် သင်တန်းသားသင်တန်းသူ ဆရာဆရာမ ၂၄၈ဝ ဦး၊ အခြေခံပညာ အလယ် တန်းအဆင့် သင်ရိုးသစ်( Grade9 ) ဆင့်ပွား သင်တန်းတွင် သင်တန်းသားသင်တန်းသူ ဆရာဆရာမ ၄၇၃၉ ဦး တက်ရောက်ပြီး အထက်တန်း အဆင့်သင်တန်းကာလမှာ မေလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိဖြစ်ပြီး အလယ်တန်းအဆင့် သင်တန်းကာလမှာ မေလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။
ချမ်းသာ