သင်္ဃန်းကျွန်း မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၁၄.၅.၂၀၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်လေပြင်းတိုက်ခတ်မူကြောင့် သစ်ပင်များပြိုလဲခဲ့သည့် လေဘေးသင့်ပြည်သူအိမ်ထောင်စု(၅)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သော အိမ်ထောင်စု(၁)စုလျှင် ပစ္စည်းအစုံအလင်ပါထောက်ပံ့ရေးပစ္စည်း(၅)မျိုးကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးပါအဖွဲ့တို့မှ သက်ဆိုင်ရာအိမ်ထောင်ဦးစီးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေဘေးသင့်အိမ်ထောင်စု(၅)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကူညီထောက်ပံ့သော Shelter Tool Kit Contents List(အမိုးအကာဆောက်လုပ်ရေးသုံးပစ္စည်းများ)၊ စတီးလ်မတ်ခွက်၊ စတီးလ်ပန်းကန်ပြား၊ စတီးလ်အိုးများစသည့် Kichen Set Contents List ပစ္စည်းများ၊ Family Kit (မိသားစုသုံးပစ္စည်းများ)၊ Content List Of Hygiene Kit ၊ Dignity Kit ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)