နမ့်ခမ်း မေ ၁၇
အပူဒဏ်အန္တရာယ်သည် တစ်နေ့တစ်ခြားဆိုးဝါးလာပြီး အပူဒဏ်ကြောင့် ကျန်းမာရေးကို များစွာထိခိုက်နိုင်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမအတွင်း ယနေ့နံနက်(၁၁)နာရီအချိန်က Youth Club အသင်းဝင်များဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း အကြောင်း အရာကို မနွယ်သဇင်ကလည်းကောင်း၊ အပူဒဏ်ကြောင့်သတိလစ်ခြင်း အကြောင်းအရာကို မိုးဟေမာန်ထက်ကလည်းကောင်း၊ အပူချိန်ပြင်းထန်ချိန်သတိပြုလိုက်နာ ရမည့်အချက်များအကြောင်းကို မအေသော်တာနှင့် မသဇင်ဦးတို့ကလည်းကောင်း၊ အကြံပြုချက်အကြောင်း အရာကို လွေးယေနွေဦးကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက အသင်းဝင်များဆွေးနွေးခဲ့ကြသည်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်းနှင့် Youth Club အသင်းဝင် ကျောင်းသားလူငယ် ၁၁ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)