နောင်တရားမြို့၌ မဇ္ဈိမာလင်္ကာရ သာမဏေကျော်ဘွဲ့ရ ရှင်တစ်ပါးအား ပုနောပသမ္ပဒကံ သိက္ခထပ်ခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲကျင်းပ

နောင်တရား မေ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်၌ မဇ္ဈိမာလင်္ကာရ သာမဏေကျော်ဘွဲ့ရ အရှင်ခေမာဝုဓာလင်္ကာရအား ပုနောပသမ္ပဒကံ သိက္ခထပ်ခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့တွင် ကျင်းပသည့် မဇ္ဈိမာလင်္ကာရ သာမဏေကျော် စာမေးပွဲတွင် တတိယအဆင့်ဖြေဆို အောင်မြင်တော်မူသည့် မှော်ဘီမြို့နယ်၊ မဟာဝိဟာရ ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တ ဝိဇ္ဇာနန္ဒ၏ တပည့် ရှင်ခေမာဝုဓာလင်္ကာရ အား နောင်တရားမြို့ ဆရာဒါကာများက ပုနောပသမ္ပဒကံ သိက္ခထပ်ခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပေးသည်။ နံနက်ပိုင်းတွင် ပုနောပသမ္ပဒကံ သိက္ခထပ်ခြင်း၊ မွန်းတည်းပိုင်းတွင် မဇ္ဈိမာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင် တတိယအဆင့်ဖြေဆို အောင်မြင်တော်မူသည့် ရှင်ခေမာဝုဓာလင်္ကာရအား ဂုဏ်ပြုပူးဇော်ခြင်းနှင့် နောင်တရားမြို့ဆရာဒါကာများက ဆရာတော်ကြီးများထံမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို အတူတကွနာယူပြီး လှူဒါန်းမှုအစုစုအတွက် အမျှတမ်းပေးဝေခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)