မူဆယ်ခရိုင်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မူဆယ် မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉း၃၀)အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားတွင် မူဆယ်ခရိုင်၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ဌာနဆိုင်ရာအသီးသီးတို့ကို ခွင့်ပြုချက် ရန်ပုံငွေများဖြင့် ပြည်သူလူထုကို အကျိုးပြုမည့် လုပ်ငန်းစီမံကိန်းများကို ရေးဆွဲပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြေပြင်ပြည်သူလူထုအခြေအနေနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဒေသန္တရဖွံဖြိုးတိုးတက်‌ရေးကို ဌာနဆိုင်ရာများ ပူးပေါင်း၍ အချိတ်အဆက်မိမိ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိပြီးသည်နှင့် ရေးဆွဲထားသော စီမံကိန်းများကို သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မူဆယ်ခရိုင်၊ စီမံကိန်းဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းသိန်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်ဆိုင်ရာများနှင့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှုအခြေအနေ ဖော်ပြချက်များ၊ မူဆယ်ခရိုင်၏ ၂၀၂၃-၂၄ဘဏ္ဍာနှစ်တွင် ဌာနအလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိမှုအခြေအနေများ၊ ဒေသန္တရစီမံကိန်း ကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်များ စသည့်တို့ကို တက်ရောက်လာသော ခရိုင်/မြို့နယ်တာဝန်ရှိဌာနဆိုင်ရာများအား Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မူဆယ်ခရိုင်၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)