နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသက် (၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ မေ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို မေလ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က Online စနစ်ဖြင့် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ပိုးမဥ္ဇူက သက်ကြီးရွယ်အို ဆိုသော စကားရပ်အဓိပ္ပာယ်၊ လူမှုရေးပင်စင် ထောက်ပံ့ကြေးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ထောက်ပံ့ခဲ့ကြောင်း၊ တစ်နှစ်လျှင် (၂)ကြိမ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ထောက်ပံ့ပေးအပ်ရသည့်ရည်ရွယ်ချက်၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ကုလသမဂ္ဂအဖွဲ့ကြီးမှ သက်ကြီးရွယ်အိုများဘဝအတွက် ချမှတ်ပေးထားသည့် အခြေခံမူ (၅)ရပ် စသည့်အကြောင်းအရာများအား  အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)