လှည်းကူး မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ပြည်သူများအသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် ဦးစိုးသူက လူကုန်ကူးမှုခံရသည့်အခြေအနေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများ၊ လူကုန်ကူးမှုမခံရစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့်အသိပညာပေး(Talk Show)ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)