ရမည်းသင်းမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကျင်းပ

ရမည်းသင်း မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်များအတွက် ရမည်းသင်းခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်အဖွဲ့မှ သုတ၊ ရသ စာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ရမည်းသင်းမြို့နယ်အတွင်း ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန် ခိုင်မာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်စေရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရမည်းသင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်နှင့် အဖွဲ့ဝင်များက သုတ၊ ရသစာအုပ်များ လှူဒါန်းရာ ခရိုင်ဦးစီးမှူးက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်   (ခရိုင်ပြန်/ဆက်)